2010. 9. 30.

ဖိုင်လ်ဆက်နည်း...


တချို့  ကျွန်တော့ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့  စကားလေးတွေပါ။ သူတို့ ကတော့ 

တကယ် ရိုးသားစွာနဲ့ ပြောနေတာပါ။ မင်းတင်ထားတဲ့  ရုပ်ရှင်တွေ ကလဲ တခုမှ ကြည့်

လို့ မရဘူးတဲ့ ...။ ပထမတော့ ကြောင်သွားတာပေါ့ နော်..၊ ပြီးမှ သေချာထပ်မေးတော့ 

အဖြေပေါ်တာပဲ..။ သူတို့ တွေ ဖိုင်တွေ ကို join မလုပ်ပဲ ဒီအတိုင်းဖွင့်နေကြတာကိုး.။

အဲလိုမသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီပို့ စ်လေး ကိုတင်ပေးလိုက်ပါတယ်..။

ကျွန်တော်ကိုယ်တိုင် ရေးထားတာမဟုတ် ပါဘူး.။ ကျွန်တော့်ထက် ပိုပြီး တက်ကျွမ်းတဲ့ 

အကိုတွေ ဆီကနေ ကူးယူပြီး မျှဝေပေးထားတာပါ .။ သိပြီးသားသူတွေ အတွက်တော့ 

ဒါလေးများ လို့ ပြောချင်ပြော ပါလိမ့်မယ် ။ မသိသေးတဲ့ သူတွေ ကတော့ မှတ်ထားသင့်

ပါတယ်လေ.။ ပညာတခုတိုး တာပေါ့ ။ ( မူရင်းပို့ စ်ကို ဒီနေရာ မှာ သွားကြည့်နိုင်ပါတယ် )

 သူရှင်းပြထားတာကတော့ အပေါ်မှာရှိတဲ့ ပုံလေးပါပဲ .။ HJSplit ဆိုတာဘာလဲဆိုရင်


သူကလဲ ဖိုင်တွေကို win rar လို မျိုး ပါပဲ ဖိုင်တွေကို အပိုင်းပိုင်းခွဲထုတ်လို့ရတယ် ပြီးရင်

ပြန်ဆက်လို့လဲရတယ် . hosting ဆိုက်တွေမှာ ဖိုင်တင်တဲ့အခါ လိုင်းကောင်းတဲ့သူတွေ

အတွက် တစ်ခါတည်းနှင့် 100 MB ကိုတင်လို့ရပေမယ့် .. Download လုပ်တဲ့ မြန်မာ

ပြည်ကလို အင်တာနက် speed နှေးတဲ့နေရာမျိုးကနေဆိုရင် 100MB ကို မနည်း

Download လုပ်ရမယ် . ဒီကြားထဲ Downloader တွေနဲ့ ကြားကန်ပြီး Download

လုပ်တာဆိုရင် နဲနဲသက်သာဦးမယ် . Browser ကပေးတဲ့ Downloader နဲ့သာဆိုရင်

မချောင်ဘူး . ပြုတ်ကျသွားလိုက် အသစ်က ပြန်စလိုက်နဲ့ 100 MB ကို ဘယ်နှစ်ရက်

လောက် Download လုပ်ရမလဲမသိဘူးလေ . အဲတင်တဲ့သူက 100 MB ကို 5 ပိုင်းခွဲ

တင်ပေးလိုက်မယ်ဆိုရင် .. တင်တဲ့သူအတွက် အလုပ်နဲနဲ ရှုပ်ပေမယ့် .. Download

လုပ်ရတဲ့သူအတွက် ပိုပြီးအဆင်ပြေတာပေါ့ .. အခု HJSplit က အဲလို ဖိုင်တွေကို

ခွဲထုတ်ပေးတဲ့ software ပါပဲ .. HJ နဲ့ ခွဲထားတဲ့ ဖိုင်တွေကို HJSplit program နဲ့သာလျှင်

ပြန်ဆက်လို့ရပါတယ် .. နောက်တစ်ခုက HJ နဲ့ခွဲထားလား မခွဲထားလား သိချင်တယ်ဆိုရင်

ရလာတဲ့ File Format ရဲ့နောက်ပိုင်းမှာ 001,002,003 ... အဲ့လိုမျိုး အဆုံးသတ်ပါတယ် ..

Rar နဲ့ဖိုင်ခွဲလို့ရှိရင် Format ရဲ့နောက်ဆုံးမှာ .rar .. win zip နဲ့ ဆိုရင် .zip အဲ့လို အဆုံး

သတ်ပါတယ် .. သဘောပေါက်မယ်လို့ထင်ပါတယ် ..။

ဒါကတော့ အခုနောက်ပိုင်း လူသုံးများလာတဲ့ ဖိုင်ခွဲတဲ့ program တစ်ခုပါ . win rar တို့

win zip တို့နဲ့ ဖိုင်ခွဲလို့ရတာပဲ . ပြန်ဆက်လို့ ရတာပဲလို့ အတွန့်တက်လာ နိုင်ပါတယ် .

ဘာ့ကြောင့် သူ့ကိုမှ သုံးရတာလဲဆိုရင် win rar တို့ win zip တို့နဲ့ ဖိုင်အကြီးကြီး

(ဥပမာ DVD တစ်ချပ်ကို) 50 MB စီရှိတဲ့ ဖိုင်လေးတွေ ပြန်ခွဲထုတ် ချင်တယ်ဆိုရင်

တော့ hjsplit နဲ့မှ မဟုတ်ရင် file ပြန်ပြီး ဖြည်တဲ့အချိန်ကျရင် error တွေ တက်တတ်

ပါတယ် . Download လုပ်တုန်းက လုပ်ပြီးခါမှ error တက်နေရင် ရင်ကျိုးရချည်ရဲ့

မဟုတ်ဘူးလား . အခု ဒီကောင်လေးက ဘာ error မှ မဖြစ်ဘဲနှင့် အကောင်းဆုံး ခွဲ/ဆက်

အလုပ်ကို လုပ်ပေးနိုင်ပါတယ် . သူ့ကို Install လုပ်စရာမလိုပါဘူး . သူ့ကို အသုံးပြုနည်းကို

အရင်က ရေးခဲ့ပြီးပါပြီ . သူနဲ့ ဖိုင်တွေကို ခွဲထုတ်ရင် နောက်ဆုံးက 001, 002,003

အဲ့လိုမျိုး ဆုံးပါတယ် . အဲ့တော့ အကြမ်းဖျင်း သိထားရမှာက .rar နဲ့ဆုံးရင် win rar နဲ့

ဖိုင်ခွဲထားတယ်၊ .zip နဲ့ ဆုံးရင် win zip နဲ့ ဖိုင်ခွဲထားတာ၊ အဲ 001, 002,003 နဲ့ ဆုံးနေ

တဲ့ ဖိုင်တွေကို မြင်ရင် ဘာမှမတွေးနဲ့ အဲ့ဒါ hjsplit နဲ့ ဖိုင်ခွဲထားတာ အဲ့တော့ hj split နဲ့ပဲ

ပြန်ဆက်လို့ရမယ်လို့ သိလိုက်ရင် အိုကေသွားပါပြီ . ။ ဒီ software လေး ယူချင်ရင်တော့ 

ဒီမှာ  Download ယူပါ..။

ကဲ ပထမဦးဆုံး Program ကို အရင် Download လုပ်လိုက်ပါဦး .  Download လုပ်ပြီးတာနဲ့

အောက်ကပုံအတိုင်း ကိုဖြေမယ့်ဖိုင်တွေကို တစ်နေရာတည်းမှာ စုထားလိုက်ပါ .. ပုံနှင့်

တစ်ပုံချင်းစီ ပြထားပါတယ် . ပုံသေးနေရင် ကလစ် နှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ် ။

ပုံ(၁)

ပုံ(၂)

ပုံ(၃)


0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့