2010. 11. 1.

စုပေါင်းဘုံကထိန်ပွဲတော် ဖိတ်ကြားခြင်း


တန်ဆောင်မုန်းလရောက်တိုင်းနှစ်စဉ်ကျင်းပမြဲဖြစ်သော ကထိန်ပွဲတော်ကို
သတ္တမအကြိမ်မြောက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ၌ ကျင်းပတော်မူမည် ။
ဘုရားအမှူး ရှိသော ကိုရီးယား နိုင်ငံ ရှိ ထေရဝါရသာသနာ ပြုတော်မူကြကုန်သော
ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား တန်ဆောင်မုန်းလဆန်း ( ဂ ) ရက်
(၁၄ - ၁၁ -၂၀၁၀) တနင်္ဂနွေနေ့ တွင် အရုဏ်ဆွမ်း-နေ့ဆွမ်း နှင့် စုပေါင်း ကထိန်
သင်္ကန်း ဆက်ကပ် လှူဒါန်းပါမည် ။ သို့ ပါသောကြောင့် အောက်ပါ အစီအစဉ် အတိုင်း
ကြွရောက်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အစီအစဉ်
နေ့ ရက် - ( ၁၄ - ၁၁ -၂၀၁၀ ) တနင်္ဂနွေနေ့ 
အချိန် - နံနက် ၅ နာရီ မှ နေ့ လည် ၃ နာရီအထိ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်

အင်န်ချွန်းယူနိုက်တက် ဘော်လုံးအသင်း ညီအကိုများမှ ဘုရားအမှူးရှိသော
သံဃာတော်များအား အရုဏ်ဆွမ်း-နေ့ဆွမ်း နှင့် ကြွရောက်လာသော ဧည့်သည်
တော်များကို မြန်မာ ထမင်းဟင်းများ ဖြင့် ဧည့်ခံပါမည် ။

လှူဖွယ်ပစ္စည်းများ

ပရိက္ခရာရှစ်ပါး အစုံ ( ၀မ်- ၅၀၀၀၀)
တီစီဝရိတ်သင်္ကန်း ( ၀မ်- ၃၀၀၀၀)
သင်္ကန်းဒွိစုံ ( ၀မ်- ၂၀၀၀၀)
ထီး ၊ ယပ် ၊ ဖိနပ် ( ၀မ်- ၅၀၀၀ စီ)

0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့