2011. 2. 16.

ဇိဝိတဒါန ပြုပေးကြပါ ..

ဟန်းဂုရွာမှတဆင့်ကူးယူဖေါ်ပြပါသည်.။

ရေးသားသူ — သူရ




ကိုရီးယား နိုင်ငံတွင် ရောက်ရှိ နေထိုင်လျက်ရှိပြီး လူမှုရေး၊ဘာသာရေး၊ သာရေးနာရေးနှင့် ယဉ်ကျေးမှု၊ အားကစား၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားအရေး၊ နိုင်ငံ့အရေးစသည့် အမိ မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် မည်သည့် ကဏ္ဍတွင်မဆို ကိုယ်အား၊ စိတ်အား၊ ငွေအားတို့ဖြင့် အများအကျိုးကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် နေသော ကိုအောင်နိုင်ဝင်းသည် မမျှော်လင့်ပဲ ရုတ်တရက် ကင်ဆာရောဂါ ဖြစ်ပွားနေကြောင်းကို ဆေးစစ်ချက်များ အရ သိရှိ ခဲ့ရပါသည်။

ကိုအောင်နိုင်ဝင်းသည် လျှာတွင် ကင်ဆာရောဂါ ဖြစ်ပွားခြင်းဖြစ်ပါသည်။ ပြီးခဲ့သော ဒီဇင်ဘာလ နှစ်ကုန်ပိုင်းတွင် လျှာတွင် သွားဖြင့်ခြစ်၍ ခိုက်မိသကဲ့သို့ အနာဖြစ်သဖြင့် ဆေးရုံသို့ သွားရောက် ဆေးစစ်ရာမှ ကင်ဆာရောဂါ ဖြစ်ကြောင်းကို သိရှိရခြင်းဖြစ်ပါသည်။ လျှင်မြန်သော ခွဲစိတ်ကုသမှုကို ခံယူဖို့ လိုအပ်သည်ဟု ဆရာဝန်၏ ပြောပြချက်အရ ခွဲစိတ်ကု သမှုခံယူမည့် ဆေးရုံကို စုံစမ်းကာ ယခုနှစ် ဇန်နဝါရီလတွင် ဆေးရုံ တက်ရောက်ခဲ့ပါသည်။

ဆိုးလ်မြို့ ဗဟိုဆေးရုံကြီး(극립중안의료원) တွင် ၁ဝရက်ခန့်တက်ရောက်ကာ လိုအပ်သောဆေးစစ်မှု အစုံစုံကို ပြုလုပ်ခဲ့ရာတွင် ကင်ဆာရောဂါမှာ ရောဂါအဆင့် ၃အထိရောက်ရှိနေပြီး၊ စတင် အမြစ်တွယ်နေသည်မှာ ၂နှစ်ကျော် ကြာခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် လျှာတွင်သာ ဖြစ်ပွားလျက် ရှိနေပြီး၊ ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်း များတွင် ပြန့်ပွားနေခြင်း မရှိသောကြောင့် ခွဲစိတ်ကုသမှုဖြင့် ကြိုးစား ကြည့်နိုင်ကြောင်း ဆေးမှတ်ချက် ရရှိခဲ့ပါသည်။

ခွဲစိတ်ကုသမှုကို နားနှာခေါင်းလည်ချောင်းဌာန၊ ဆာဂျရီဌာန၊ မေ့ဆေးဌာနတို့ ပူးပေါင်း၍ အကြီးစား ခွဲစိတ်ကုသ မှုကို ပြုလုပ်ရမှာဖြစ်ကြောင်း၊ လွယ်လျှင် ၁၅နာရီနှင့်၂၀နာရီကြား၊ ခက်ခဲလျှင် ၂ဝနာရီမှ ၄ဝနာရီကြား ကြာမြင့်အောင် ခွဲစိတ်ရမည်ဖြစ်ကြောင်း၊ ခွဲစိတ်စဉ် ကာလအတွင်း အသက်အန္တရာယ် ရှိနိုင်ကြောင်းတို့ကို ပြောကြားပြီး၊ ဖေဖေါ်ဝါရီလ ၉ရက်နေ့တွင် ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ဖေဖေါ်ဝါရီလ ၉ရက်နေ့ နံက် ၈နာရီ ၅ဝမှ စတင်သော ခွဲစိတ် ကုသမှုသည် ၄င်းည ၁၂နာရီ ၅ဝတွင် ပြီးဆုံးခဲ့ပါ သည်။ ဆရာဝန်ကြီးများ၏ ကြိုးစားအားထုတ်မှုနှင့် အစွမ်းကုန် ကြိုးစားအားထုတ်မှုများကြောင့် ခွဲစိတ်ကုသမှုမှာ အောင်မြင်စွာ ပြီးဆုံးခဲ့သော်လည်း၊ အရေးပေါ်ခန်း ထဲတွင် စောင့်ကြည့်နေရသည့် အခြေအနေဖြစ်ပါသည်။

ခွဲစိတ်ကုသမှု အခြေအနေကို ဆရာဝန်ကြီး၏ ပြောပြချက်အရဆိုလျှင် ပါးစပ်အတွင်း ရှိနေသောလျှာကို မေးအောက် ကိုဖွင့်၍ ဆွဲထုတ်ပြီး ကင်ဆာဆဲများ အမြစ်တွယ်နေသော လျှာကို အလျားလိုက် တခြမ်း ဖြတ်ထုတ်လိုက်ပါသည်။ ဆာဂျရီဌာနမှ လက်ဖျံမှ သွေးကြောများပါသော ကြွက်သားကိုယူ၍ ဖြတ်ထုတ်လိုက်သော လျှာပုံစံပြုလုပ်ကာ သွေးကြောနှင့် ကြွက်သားများကို ပြန်လည်ဆက်ပေးခဲ့ပါသည်။ ထိုနောက် ပေါင်မှအသားကို ယူကာ လက်ဖျံတွင် ပြန်လည်အစားထိုးပြီး၊ ပေါင်းကိုမူ အရေးပြားဖြင့် ပြန်ဖုံးကာ အသားတက်လာရန် စောင့်ရမည်ဖြစ်ပါသည်။ အရေးအကြီး ဆုံးမှာ လျှာအစားထိုး ပြန်ဆက်ခြင်းမှာ ကောင်းစွာ ပြန်ဆက်ဖို့ဖြစ်သည်။ အကယ်၍ မဆက်ခဲ့ပါက ထပ်မံ ခွဲစိတ်မှုကို ပြုလုပ်ရမည် ဖြစ်သည်ဟု ဆိုထားပါသည်။

လက်ရှိ အခြေအနေအရ ပါးစပ်တခုလုံး လှုပ်မရပဲ ခွဲစိတ်ထားသော လျှာမှာ ယောင်ရမ်း၍ နေပါသည်။ အသက်ရှုရန် အခက်အခဲရှိသောကြောင့် လည်ချောင်းမှ အပေါက်ဖောက်ပြီး အသက်ရှုစေပါသည်။ ချွဲနှင့် သွားရည်များ မပြတ် ထွက်နေသဖြင့် ပိုက်ဖြင့် မကြာမကြာ စုတ်ထုတ် ပေးနေရပါသည်။ လည်ပင်း၊ နှာခေါင်းနှင့်၊ ခြေ၊လက်များတွင် ပိုက်အမျိုးမျိုး တပ်ဆင်၍ ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်စီဂျင်၊ ဆေး၊အာဟာရ တို့ကို ပေးသွင်းလျက်ရှိနေပြီး၊ ဆီးနှင့် အနာများမှထွက်လာသော အညစ်အကြေး အရည်များကိုလည်း ပိုက်များဖြင့် ထုတ်ပေးနေပြီး၊ နှလုံးခုန်မှု အခြေအနေကို စစ်ဆေးသည့်မှ ပိုက်များကိုလည်း ခြေ၊လက်နှင့် ခန္ဓာကိုယ် အနှံ့တပ်ဆင်ထားပါသည်။

ကိုအောင်နိုင်ဝင်းသည် သတိကောင်းစွာ ရှိနေပြီး၊ မိမိ၏ အခြေအနေများကို ညာလက်ဖြင့် စာရေး၍ ပြောပြနိုင်ပါ သည်။ ဖေဖေါ်ဝါရီလ ၁၂ရက်ညတွင် အသက်ရှုပိုက်တွင် ချွဲများပိတ်၍ အသက်ရှုရပ်သဖြင့် အရေးပေါ်အခြေအနေ တကြိမ်ဖြစ်ပေါ်ခဲ့ပြီး၊ ၁၃ရက်နေ့ နေ့လည်တွင်လည်း တကြိမ်ဖြစ်ခဲ့ပါသည်။ ၁၃ရက်နေ့ နေ့လည်တွင်ဖြစ်သော အခြေအနေမှာ ပိုမိုဆိုးရွားကာ လည်ပင်းရှိအပေါက်မှ သွေးများ ပန်းထွက်လာခဲ့ပါသည်။ ထိုအခြေအနေများအရ ကို အောင်နိုင်ဝင်းသည် မူလသတ်မှတ်ထားသည့် ရက်ထက် အရေးပေါ်လူနာအခန်းတွင် ဆက်လက်ရှိနေရဦးမည်ဖြစ် သည်။

ဆရာဝန်ကြီး၏ ဆေးမှတ်ချက်အရ အရေးပေါ်ခန်းမှ ထွက်လျှင် အထူးခန်းတွင် ထားရှိရမည်ဖြစ်ပြီး၊ ဆေးရုံတွင် ၂လခန့် ဆက်လက်ကုသဖို့ လိုအပ်ကြောင်းနှင့်၊ ကုန်ကျစားရိတ် ကြီးမြင့်မည်ဖြစ်ကြောင်း၊ ဓာတ်ရောင်ခြည်ကင်သည့် ကုသမှုကိုလည်း ဆက်လက်ခံယူဖို့လိုကြောင်း၊ တခါကုလျှင် ဝမ်သိန်း၂ဝခန့် ကုန်ကျမည်ဖြစ်ကြောင်း ပြောပါသည်။ ယခု အခြေအနေထိ ဆေးကုသမှု စားရိတ်စုစုပေါင်းမှာ သိန်းတရာနီးပါး ရှိပြီဖြစ်ပါသည်။ ဆေးရုံရှိ လူမှုဖူလုံရေးဌာနမှ သိန်း၅ဝကို ထောက်ပံ့မည်ဟု ဆိုထားပါသည်။ ဆေးကုသမှုများ အားလုံး ပြီးစီးသည်အထိ ဆိုလျှင် များစွာသော ငွေကြေး ကုန်ကျမှုများ ရှိလာမည်ဖြစ်ပါသည်။
ထို့ကြောင့် ယခုအခြေအနေတွင် ကိုအောင်နိုင်ဝင်း၏ မိတ်ဆွေသူငယ်ချင်းများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့ အသီးသီးမှ လူပုဂ္ဂိုလ်များ၊ ဆရာတော် သံဃာတော်များမှ စုပေါင်း၍ ကိုအောင်နိုင်ဝင်း၏ ဆေးကုသစားရိတ်ကို ထောက်ပံ့ ကူညီနိုင်ရန်အတွက် စုပေါင်း လုပ်ဆောင်နေကြပါသည်။ ကိုရီးယားနိုင်ငံနှင့် နိုင်ငံတကာ ရောက်ရှိနေသော မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမများမှလည်း ကိုအောင်နိုင်ဝင်း၏ ဆေးကုသမှုအတွက် ဝိုင်းဝန်း၍ ဇိဝိတဒါန ပြုကြပေးပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

အောက်ပါလူပုဂ္ဂိုလ်နှင့် သံဃာတော်များထံဆက်သွယ်၍လှူဒါန်းနိုင်ပါသည်။


ဆိုးလ်၊ ဂယောင်းဂီဒေသ
၁။ ဦးသောင်းထွန်း (ဝ၁၁- ၉၇၄၄ -၈၇ဝ၅)
၂။ ဦးဇေမင်းအောင် (ဝ၁ဝ- ၈၉ဝ၃- ၆၆၉၃)
၃။ ကိုဝင်းနိုင်ဦး (ဝ၁ဝ- ၈၆၄၈- ၄၅၃၃)
၎။ ကိုဝိုင်း (ဝ၁ဝ- ၂၃၃၁ -၂၄၅၇)
၅။ ဦးခင်မောင်ရင်(ဝ၁၁-၉၃၈၆-၇၁၅၃)
၆။ ကိုမင်းသူ (ဝ၁ဝ-၅၈ဝ၃-၂ဝ၁၃)
၇။ ကိုရဲနိုင်ဝင်း (ရွှေကျွန်း) (ဝ၁ဝ- ၄၇၉၉- ၄၃၂၂)
၈။ ကိုအောင်မျိုးဦး (ဝ၁ဝ- ၈၇၉၉- ၁၂၈၃)
၉။ ကိုသိန်းအောင်(ဝ၁ဝ- ၂၃၁၈- ၉၆၅၅)
၁၀။ကိုကျော်ဇောအေး(ကျားကြီး)(ဝ၁ဝ- ၂၇၉ဝ- ၉၇၇၃)
၁၁။ကိုရဲ(ရဲကျော်စိုး) အန်ဆန်း၊ရှီဟွာ ( ဝ၁ဝ-၂၃၃၉-၂၄၅၅)
၁၂။ ကိုရွှေအိုးစည် (ဝ၁ဝ- ၉၄၁၉- ၄၂၄၃)
၁၃။ ကိုတင်ယဉ် (ဝ၁၆ -၂၄၈- ၃၃၃၈)


ဘူဆန်း
ကိုမင်းလတ် (ဝ၁ဝ- ၂၉၉ဝ- ၃ဝ၇ဝ)


ဒေဂူး
ကိုဝင်းလတ် (ဝ၁ဝ- ၅၁၃၂- ၅၂၉၉ )

ဘဏ်မှတဆင့် ကူညီလိုသူများ အနေဖြင့် THEIN AUNG 국민은행(KB Bank) 551702-04-021930 သို့ ပေးပို့ ကူညီနိုင်ပါသည်။

ကိုအောင်နိုင်ဝင်း(ဖိုးနိုင်)၏ ကျန်းမာရေးနှင့် ဆေးကုသမှု အခြေအနေများအား အသေးစိတ် သိရှိလိုသူများ အနေဖြင့် ....
ကိုသူရ (ဝ၁ဝ-၄၁၈၇-၅၂၁၈)နှင့်
ကိုဝင်းလှိုင်(ဝ၁ဝ-၅၁၈ဝ-၂၂ဝ၈) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဆက်လက်ဖတ်ရှုရန်...

2011. 2. 12.

လျင်မြန်ရွေ့ လျားဂစ်တာတီးနည်း(နိုင်ဇော်-LAZY CLUB)


ကိုနိုင်ဇော် ကိုရီးယားလာရောက်စဉ်က ပေးခဲ့ တာပါ.။ ၀ါသနာရှင် ညီအကိုများအတွက်
တက်နိုင်သလောက် လက်ဆင့်ကမ်း ဖြန့် ဝေပေးဖို့  ခွင့်ပြုခဲ့ တာပါ..။

ဆက်လက်ဖတ်ရှုရန်...

2011. 2. 9.

ကိုရီးယားရုပ်ရှင်..The Recipe (2010)

ဆက်လက်ဖတ်ရှုရန်...

2011. 2. 6.

Faster(2010)

ဆက်လက်ဖတ်ရှုရန်...
 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့