2011. 8. 11.

မျောက်တို့ ၏မာယာ..

ဒီဇာတ်ကားလေးကို သေချာကြည့်ပါ.အရမ်းကောင်းပါတယ်..ဘာရယ်မဟုတ်ဘူး.
ခေါင်းစဉ်ကို ဟာသလေးနှောပြီး ပေးထားတာပါ.။ ဒီဇာတ်ကားမှာ မျောက်ကဇာတ်
လိုက်ပါ.။ ငယ်ငယ်လေးကတည်းက မွေးထား တာဖြစ်တော့  သူ့ မှာလူတယောက်လို
အသိစိတ်တွေဝင်နေပြီး.ညဏ်ရည်က အရမ်းမြင့်နေပါတယ်..။ ခန္ဓာက မျောက် ၊စိတ်
က လူ .၊ မျောက်ကတော့ မျောက်ပါပဲ ။ လူဖြစ်ချင်လို့ လဲမရ..။ နောက်ဆုံးတော့  လူ
တွေရဲ့ နှိပ်ကွပ် တာကိုခံရတော့ မိမိတကိုယ်ရည် လွတ်မြောက် ဖို့ ထက် ကိုယ့်မျိုးတူစု
တွေပါ လွတ်မြောက် ဖို့ ရာ အနစ်နာခံ ပြီးခေါင်းဆောင်ကောင်းတယောက် ပီသစွာနဲ့ 
မားမားမတ်မတ်ရပ်တည်ပြီး ၊ စည်းလုံး ညီညတ်ခြင်း အင်းအားကို လက်ကိုင်ထားကာ
လွတ်လပ် မှန်ကန်တဲ့  ကိုယ်ပိုင်ဘ၀ ကို အရောက်လှမ်းသွားနိုင်ခဲ့ ပါတယ်..။
ဒါကတော့ ကျွန်တော် အယူဆ ပေါ့ နော်....
ခေါင်းဆောင်ကောင်းတွေရဲ့  လုပ်ရပ်နဲ့ ရပ်တည်မှုမှန်ကန်ခြင်း..
စည်းလုံးညီညွတ်မှုရဲ့ အကျိုးကျေးဇူး.. 
နောက်ဆုံး.. ဘယ်နေရာဘယ်ဒေသရောက်ရောက် ဘယ်လိုပင်
ပျော်ရွှင်နေပါစေ..အချိန်တန်တော့  အိမ်ကိုပြန်ကြရမှာပါပဲလေ....
ကိုယ့်ကိုကိုယ် သိဖို့  ကသာအဓိကပါ..။

0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့