2010. 7. 28.

မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်


အထက်ပါ ဓါတ်ပုံရှင် ကိုစိုးထွန်းအတွက် ဆေးဝါးကုသမှု စားရိတ်အား မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။ ကိုစိုးထွန်းသည် ရန်ကုန်မြို့ ကန်တော်လေးတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် ဘူချွှန်းမြို့နှင့် အင်ချွှန်းမြို့ တစ်ဝိုက်တွင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ တစ်ဦးဖြစ်ပါသည်။ ယခု ဆေးဝါးကုသမှု မခံယူရမီ အချိန်ထိ ချော်နန်မြို့ အနီးတွင် အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။ ကိုစိုးထွန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့ ည ၁၂နာရီခွဲခန့် အချိန်တွင် ရုတ်တရက် ပါးစပ်မှ အမြုပ်များထွက်ကာ မေ့လဲသွားခဲ့ပါသည်။ အနီးရှိ သူငယ်ချင်း ဖြစ်သူ တစ်ဦးမှ ၁၁၉အား အရေးပေါ် ဖုန်းဆက်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ပထမဦးဆုံး နီးစပ်ရာ ချော်နန်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ သို့သော် ချော်နန်မြို့ရှိ ဆေးရုံမှ လက်မခံသဖြင့် နီးစပ်ရာ ဗြောင်းထက်မြို့ရှိ good morning ဆေးရုံသို့ ပို့ဆောင် ခဲ့ပါသည်။ ထိုဆေးရုံ၏ စမ်းသပ်စစ်ဆေးချက်အရ ၀မ်းဗိုက်ထဲတွင် သွေးများ ပျံနှံ့နေကြောင်း ပြောပြီး မိမိတို့ ဆေးရုံတွင် ကုသနိုင်စွမ်း မရှိဟုဆိုကာ ဆောင်နမ်မြို့အနီးရှိ ဘူန်ဒန်ဆိုးလ်တက္ကသိုလ် ဆေးရုံကြီး (분당 서울대학교병원)သို့ ပြောင်းလဲ ပို့ဆောင်ပေးခဲ့ပါသည်။ ယခုလက်ရှိ ဘူန်ဒန် ဆိုးလ်တက္ကသိုလ်ဆေးရုံရှိ အသည်းအသန်ဖြစ်နေသော လူနာများ ထားရှိသည့် အခန်းတွင် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။
ဆက်လက်ဖတ်ရှုရန်...

2010. 7. 27.

ကလေးအထာ..

ငယ်ငယ်တုန်းကဆော့ခဲ့ဖူးတဲ့  မိုနိုပိုလီကို သိကြမယ်ထင်ပါတယ်။ အခု ကွန်ပြူတာနဲ့ 
ဆော့လို့ ရပါပြီ။ အပျင်းပြေပေါ့  ဒါမှမဟုတ် ကလေးစိတ်မကုန်သေးရင်ပေါ့ .. ဟီး..
အနော်လဲ တခါတလေ ဆော့ ကြည့်တယ်ဂျ....




ဒီမှာ ဒေါင်းပါခင်ညာ..။
ဆက်လက်ဖတ်ရှုရန်...

2010. 7. 26.

ရုပ်ရှင် စုစည်းမှု


သက္ကရာဇ် 2000 နောက်ပိုင်း ထွက်ပြီးသား ရုပ်ရှင်ကား များကို တင်
ထားပါတယ် ။ မိမိ နှစ်သက်ရာ ဇာတ်ကားကို ကူးယူကြည့် ရှုနိုင်ပါတယ်။
ဒီကို ၀င်ကြည့်ပါ..။
ဆက်လက်ဖတ်ရှုရန်...

ဂိမ်း စုစည်းမှု..


PC ဂိမ်းပေါင်း 300 ကျော်ကို တနေရာထဲမှာ တစုတစည်းတည်း
တိုက်ရိုက် ဒေါင်းယူလို့ ရအောင် ဖန်တီးပေးထားတဲ့  လင့်ခ် လေး
တွေ့ လို့  ဂိမ်းဝါသနာအိုးမိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။

ဒီကို ၀င်ကြည့်ပါ .. အစဉ်ပြေပါစေ.
ဆက်လက်ဖတ်ရှုရန်...

2010. 7. 20.

ရှန်ဟိုင်း


(pass.. joinmovie.com)
ဆက်လက်ဖတ်ရှုရန်...

2010. 7. 12.

ကမ္ဘာ့ ဖလား (2010) final highlight..


စပိန်နှင့် နယ်သာလန် ဖလားလုပွဲကြီး highlight ပြန်ကြည့်လိုသော မိတ်ဆွေများ
ဒီမှာ ဒေါင်းကြပါခင်ဗျာ..
ဆက်လက်ဖတ်ရှုရန်...

2010. 7. 11.

ဝါဆိုသင်္ကန်းကပ် အလှုတော်ဖိတ်ကြားခြင်း


မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူမည် ဆရာတော်များနှင့်
ကိုရီးယား နိုင်ငံ ရှိ ထေရဝါရသာသနာ ပြုတော်မူကြကုန်သော ဆရာတော် သံဃာ
တော် အရှင်မြတ်တို့အား စုပေါင်း ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား လာမည့်
မြန်မာ ဒုတိယ ဝါဆိုလဆန်း ၇ -ရက် (၁၈-၇-၂၀၁၀) တနင်္ဂနွေနေ့ တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌
ဘုရားအမှူး ရှိသောသံဃာတော်အရှင်သူမြတ်တိုအား အရုဏ်ဆွမ်း-နေ့ဆွမ်း ဝါဆို
သင်္ကန်းများ စုပေါင်းဆက်ကပ်မည် ဖြစ်ပါသောကြောင့် အောက်ပါ အစီအစဉ် အတိုင်း
ကြွရောက်ကြပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။


အစီအစဉ်
နေ့ ရက် - ( ၁၈-၇-၂၀၁၀ ) တနင်္ဂနွေနေ့ 
အချိန် - နံနက် ၅ နာရီ မှ နေ့ လည် ၃ နာရီအထိ
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
အကျွေးအမွေး - မြန်မာထမင်းဟင်း
ကိုရီးယားရောက် ရွှေမြန်မာများ စုပေါင်းလှူဒါန်းသည်။


လှူဖွယ်ပစ္စည်းများ

ပရိက္ခရာရှစ်ပါး အစုံ ( ၀မ်- ၅၀၀၀၀)
တီစီဝရိတ်သင်္ကန်း ( ၀မ်- ၃၀၀၀၀)
သင်္ကန်းဒွိစုံ ( ၀မ်- ၂၀၀၀၀)
ထီး ၊ ယပ် ၊ ဖိနပ် ( ၀မ်- ၅၀၀၀ စီ)


ဆက်လက်ဖတ်ရှုရန်...

2010. 7. 9.

ကိုရီး.ယားရုပ်ရှင်၊ဒရမ်မာ နှင့် အခြား......

ကိုရီးယား TV အစီအစဉ် များစွာနှင့် ကိုရီးယားရုပ်ရှင် ဂျပန်ရုပ်ရှင် တရုပ် ရုပ်ရှင်
များစွာကို ဒေါင်းလုတ် မယူပဲတိုက်ရိုက် ကြည့်ရှုနိုင်သော နေရာလေးတခုညွှန်လိုက်
ပါတယ်။ မိမိတို့ ရဲ့ သာယာပျော်ရွှင်သောအချိန်လေးများပိုင်ဆိုင်နိုင်ကြပါစေ။ ဘာ
သာစကား အခက်ခဲရှိသူများ ပုံကို ကလစ်နှိပ်ပြီး စာညွှန်းဖတ်နိုင်ပါတယ်။







ဆက်လက်ဖတ်ရှုရန်...

2010. 7. 8.

ကမ္ဘာ့ ဖလား (2010) ဆီမီးဖိုင်နယ်ပွဲများ..

ကမ္ဘာ့ ဖလား (2010) ဆီမီးဖိုင်နယ်ပွဲများတွင် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသော
နယ်သာလန် နှင့်ဥရုဂွေး  စပိန်နဲ့ ဂျာမဏီ တို့ ရဲ့ အပြန်အလှန်ဂိုးသွင်းချက်များကို
မကြည့်လိုက်ရတဲ့  မိတ်ဆွေများ. အတွက် တင်ပြလိုက်ပါတယ်။ ပွဲစဉ်အပြည့်ကြည့်
ရှုလိုတဲ့ မိတ်ဆွေများလဲ တောင်းဆိုနိုင်ပါတယ်။ လိုအပ်ရင်တင်ပေးပါ့ မယ်။



ဆက်လက်ဖတ်ရှုရန်...

2010. 7. 6.

NOD 32 အော်တိုလိုင်စင်

Nod32 antivirus ကိုသုံးစွဲနေသောပုဂ္ဂိုလ်များ သော့ပျောက်လို့ အလုပ်
မလုပ်တော့ဘူးဆိုရင် ဒါလေးနဲ့ ဖြေရှင်းလိုက်ပါ.. တခါ install လုပ်ထား
ပြီးတာနဲ့  သူ့ ဘာသာ အလိုလို လိုင်စင်ကီးကို ဖြည့်ပေးနေမှာပါ..

ကီးအတွက်ဆိုရင်တော့ဒါလေးဒေါင်းပါ (Download)
ပရိုဂရမ် ဆော့ဖ်ဝဲလ် လိုအပ်ရင်တော့..(ဒီကို) သွားပါ..
ဆက်လက်ဖတ်ရှုရန်...
 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့