2010. 11. 4.

တွေးကြည့်...

နှစ်မျိုး
လူတွေမှာ အားနည်းချက် နှစ်မျိုးရှိပါတယ်. . . ပထမအားနည်းချက်က ကိုယ်တော်ကြောင်း
ကိုယ်မသိဘဲ အားငယ်နေတာဖြစ်ပြီး ဒုတိယအားနည်းချက်ကတော့ ကိုယ်ညံ့တာ ကိုယ်မသိဘဲ
ဘ၀င်မြင့်နေတာဖြစ်ပါတယ်. .

သာယာတဲ့ ပတ်ဝန်းကျင် ဖန်တီးချင်ရင်
တောင်းပန်စကားပြောတာနဲ့ ဂုဏ်ပြုစကားပြောတာကို ပြောသင့်ပြောထိုက်တဲ့နေရာတိုင်း ၊
အချိန်တိုင်းမှာ အံဝင်ခွင်ကျ ပြောတတ်ဖို့လိုပါတယ်. .

အမြင်ချင်းတူမလား
အသုံးမကျတဲ့ အမူအကျင့်စရိုက်တွေကို မစွန့်ပစ်တဲ့သူဟာ လွှင့်ပစ်ရမယ့် အမှိုက်တွေကို မီးခံ
သေတ္တာထဲ ထည့်သိမ်းထားတာနဲ့ အတူတူပါပဲဒီနေ့ကိုယ်လုပ်ရမယ့် အလုပ်ကိုယ့်ဘာသာ ကိုယ်သတ်မှတ်မထားရင် သူများတွေခိုင်းတာတွေ လုပ်ရင်း အချိန်တွေကုန်သွားလိမ့်မယ်လို့
မြင်ပါတယ်. ကမ္ဘာကြီးက ရွာဖြစ်လာချိန်မှာ ကိုယ်က ရွာပြင်ထွက် အိပ်မောကျမနေသင့်ပါဘူး .

ဆက်တွေးပါ
ကိုယ့်ကိုယ်ကိုယ်မှ မှန်မှန်ကန်ကန် စနစ်တကျ နေထိုင်၊ ပြောဆိုလုပ်ကိုင်တတ်ဖို့ မထိန်း
ကျောင်းနိုင်ရင် သူများတွေကို ဘယ်လိုဦးဆောင်မှာလဲ. . . သူများတွေကို ဦးမဆောင်ချင်
တာကရပါသေးတယ်. . ကိုယ့်ကိုယ်ကိုယ်မှ ကိုယ် ဦးမဆောင်နိုင်ရင်တော့ ကိုယ်ပဲ ဒုက္ခ
ရောက်မှာပါ...။

(ကံချွန်)

ဧရာဝတီစာကြည့်တိုက် မှ ကိုးကားဖေါ်ပြသည်။

0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့