2010. 9. 14.

ဆေးလိပ် နှင့်ကျန်းမာရေး..


ဆေးလိပ်သောက်ခြင်းဟာ အဆုပ်ကို ပျက်စီးစေသလို နှလုံးရောဂါ စတာတွေကိုဖြစ်စေ
တယ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်ပါတယ်။ သို့သော် ယခုအခါမှာတော့ သိပ္ပံပညာ
ရှင်များ ရှာဖွေ့တွေ့ရှိချက်အသစ်ကတော့ ကျွန်တော်တို့ ပြောပြောနေကြတယ် IQ ကိုပါ နိမ့်စေတယ်လို့သိရပါတယ်။ ထို့အပြင် လူငယ်များအနေဖြင့်လည်း ဆေးလိပ်သောက်ခြင်း
ဟာ အသိဥာဏ်ကိုပါ နိမ့်ကျစေပါတယ်။ တစ်ရက်ကို ဆေးလိပ် တစ်ဘူး၊ ပျမ်းပျှ တစ်ဘူးထက်
ပိုပြီး သောက်ကြတဲ့ သူတွေဟာ ဆေးလိပ်မသောက်ထက်သူများထက် IQ level ၇.၅ လောက်
ထိနှိမ့်ကျနေပါတယ်။ ယေပူရအားဖြင့် ဆေးလိပ်သောက်တဲ့ အသက် ၁၈ နှစ် မှ ၂၄ နှစ်အကြားရှိ
တဲ့ လူငယ်တွေရဲ့ IQ ဟာ ၉၄ လောက်သာရှိပြီး ဆေးလိပ်မသောက်တဲ့ လူငယ်များရဲ့ IQ
ဟာဆိုရင် ၁ဝ၁ လောက်ရှိပါတယ်။ တစ်ရက်ကိုဆေးလိပ်တစ်ဘူးသို့မဟုတ်တစ်ဘူးထက်
ကျော်သောက်တဲ့ သူတွေရဲ့ IQ ဟာ ၉ဝ လောက်သာရှိနေတာတွေ့ရှိရပါတယ်။ ပုံမှန် လူတွေရဲ့
IQ သတ်မှတ်ချက်ကတော့ ၈၄ မှ ၁၁၆ ကြားမှာရှိကြပါတယ်။ ညီအစ်ကိုချင်းတွေမှာတော့ ဆေးလိပ်သောက်ခြင်း၊ မသောက်ခြင်း အပေါ်မှာ ကွာခြားမှု့ကို တွေ့ရမှာဖြစ်ပါတယ်။ သို့ဖြစ်
စေကာမူ သဘာဝပါတ်ဝန်းကျင် အခြေအနေနှင့်နေထိုင်ရပ်တည်မှု့ခြင်းတူညီနေကြတဲ့ တစ်အူထုံဆင်းညီရင်းအစ်ကို၊မောင်ရင်းနှမတွေမှာတော့ ဆေးလိပ်မသောက်တဲ့သူတွေဟာ ဆေးလိပ်သောက်တဲ့သူတွေထက် IQ မြင့်နေတာတွေ့ရပါတယ်။ ထိုရလာဒ်တွေကတော့ အရွယ်ရောက်လူငယ် အယောက် နှစ်သောင်းကို အစ္စရေးနိုင်ငံ Sheba ကျန်းမာရေးဌာန မ သုတေသနပြုလုပ်သိရှိခဲ့တာဖြစ်ပါတယ်။ ထိုအဖွဲ့ကို ဦးဆောင်တဲ့ ဒေါက်တာ Mark Weiser
ကတော့ ဆေးလိပ်သောက်ခြင်းဟာ သဘာဝပါလာတဲ့ အထုံပါရမီရဲ့ IQ ကို နိမ့်ပါးစေတာ တကယ်ဖြစ်ကြောင်း ကို ပြောပြခဲ့ပါတယ်။ သုတေသီများရဲ့ ပြုစုခဲ့တဲ့မှတ်တမ်းများအရတော့
အရွယ်ရောက် လူငယ်တွေရဲ့ ၂၈% ဟာ ဆေးလိပ်ကို တစ်ရက် တစ်လိပ် သို့မဟုတ်တစ်
လိပ်ထက်ပိုသောက်နေပြီး ၃% တော့ ဆေးလိပ်သောက်ခဲ့ဘူးကြောင်းဝန်ခံပါတယ်။ ၆၈%
ကတော့ ဆေးလိပ်မသောက်ခဲ့ဘူးသူများဖြစ်ကြပါတယ်။

ကျွန်တော်လည်းအခုထိ ဆေးလိပ်ကို မကောင်းမှန်းသိလျှက်နဲ့ဖြတ်မရသေးဘူး။

0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့