2010. 1. 22.

လူပျိုကြီးစစ်စစ်..

ဘာရယ်လို့ တော့မဟုတ်ပါဘူး.. မိန်းမမရသေးသူများ.စော်မကြည်သူများအတွက်သီး

သန့် တင်ပေးထားတယ်ဖြစ်မှာစိုးလို့ ..။ သွားရင်းလာရင်း ourmandalay.net ကနေတွေ့ ခဲ့ လို့ 

တင်ပေးရခြင်းဖြစ်ပါတယ်..။ ကျနော်လဲ လူပျိုကြီးပါ..ဟီဟိ..




လူပျိုကြီးစစ်စစ်ဆိုတာဘယ်လိုလူပါလဲ ပြောပြချင်နေတာပါ။ မျှဝေချင်တဲ့ဆန္ဒကြောင့်ပြောပြပ့ါမယ်။

၁။ မစွန်လို့ အိမ်ထောင်မပြုတဲ့သူ

၂။ နောင်ရေးကိုတွေးပြီးတော့ အိမ်ထောင်မပြုတဲ့သူ

၃။ အိမ်ထောင်ပြုရမှာကိုကြောက်သူ တွေကိုတော့ လူပျိုကြီးစစ်စစ်တွေလို့ မခေါ်နိုင်ပါဘူးတဲ့နော်

ဘယ်လိုလူကိုလူပျိုကြီးစစ်စစ်လို့ခေါ်ပါသလဲ

သံသရာကိုကြောက်ပြီးတော့ တရားဓမ္မကိုကျင့်ဖို့အတွက်

အိမ်ထောင်ပြုဖို့စိတ်မကူးဘဲ ဘ၀သံသရာမှလွတ်မြောက်ရေးကို

ကြိုးစားသူကိုခေါ်ပါသတဲ့

ကိုးကား။ ဖတ်ခဲ့ဖူးသော စာရေးဆရာနန္ဒာသိန်းဇံ၏ ပြောရင်းပြောနေဦးမည့်ချစ်ခြင်းမေတ္တာ

လူပျိုကြီးစစ်စစ်ရဲ့ ဂုဏ်ကျက်သရေများ

၁။ မိန်းကလေးချောချောမြင်ရင် ( မကြည့်ဘူးလို့ မှင်ဖြင့်နေသည် )ကျော်သွားမှ ကြည့်သည်။

၂။ ကလေးများနှင့် ပေါင်းဖက်တက်သည် ( လူကြီးချင်းမပေါင်းပါ )

၃။ တစ်ခါတစ်ခါ စိတ်ဆိုးတတ်သည်

၎။ ထမင်းဟင်းချက်တာ အလွန်ထူးချွန်သည်။ ( မိန်မှမမရတာ ကိုယ်ဟာကို ချက်စာရတာပေါ့ )

၅။ ပိုက်ဆံရှိချင်ယောင်ဆောင်ကာ ( ရှိသမျှ ရောင်းစားတက်သည် )

၆။ ကောင်းမလေးတွေနဲ့ တွေ့ရင် အာသွက်လျှာသွက်ရှိတက်သည်

၇။ ဘာပဲရရယူမည်ဟု စိတ်ထဲတွင် တင်းထားသည် ။။။

၈။ ကိုယ်ကိုယ်ကို အသက်မကြီးအောင် နေတက်သည် ။။။။ ( အသက်ကြီးမှန်သိသွားရင်

လူအိုကြီးဟု ပြောမည်ဆိုသောကြောင့်)

9။ အစိုးရကို မကောင်းကြောင်းရှယ်ပြောသည်။

၁၀။ တစ်ခါတစ်ခါပြင်းလျှင် စကားပြောသူ လိုက်ရှာတက်သည် ....

၁၁။ မိန်မမယူဘူးလားမေးလျှင် စပ်ဖြီးဖြီးဖြင့် ( ယူရင် နေစရာမရှိလို့လို့

) စကားလမ်းကြောင်းလွှဲပြောတက်သည်။

၁၁။ ခေတ်ပေါ်အတက်ပညာအကုန်တက်ချင်သည် ( ဥပမာ မာတ်ဆတ်သွားချင်း ၊ ကေတီဗွီသွားခြင်း )

၁၂။ ဘယ်သူခေါ်ခေါ် ဘီယာလိုက်သောက်တက်သည် .....

၁၃။ မိတ်ဆွေအလွန်အမင်းများပြားသည် .......

၁၄။ အကိုအမများနှင့် မတည့်တတ်ပါ ( ကျန်သူနှင့် အကုန်တည့်သည် )

0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့