2010. 1. 9.

အင်န်ချွန်းယူနိုက်တက်နှင့် မှော်ဝန်းသား

အင်န်ချွန်းယူနိုက်တက် ဘော်လုံးအသင်းကို 2003 ခုနှစ်တွင် ဘ၀တပါးသို့ ကူးပြောင်းသွားပြီဖြစ်သောကျွန်တော်တို့ ရဲ့အကိုလိုလဲဖြစ်၊သူငယ်ချင်းလိုလဲဖြစ်တဲ့ ကိုမြင့်အေးကဦးဆောင်ကာ အင်န်ချွန်းမြို့ ၊နံဒေါင်းတွင် စတင်ဖွဲ့ စည်းခဲ့ ပါသည်။

အသင်းတွင် ကိုရီးယားနိုင်ငံရောက်ညီအကိုတချို့ နှင့် မှော်ဝန်းသားညီအကိုများပါဝင်အားဖြည့်ထားကြပါသည်။ မြန်မာအသင်း(ကိုရီးယား)သည်ကိုရီးယားရောက်ရွှေမြန်မာများ စည်းလုံးညီညွတ်ရေး၊တဦးနှင့်တဦးချစ်ခင်ရင်းနှီးရေး၊အားကစားစိတ်ဓါတ်ရှင်သန်ထက်မြက်ရေးတို့ကိုရှေးရှုကာနှစ်စဉ်နှစ်တိုင်းဘော်လုံးအားကစားပွဲကိုကျင်းပပေးလျှက်ရှိပါသည်။ ထိုပွဲတွင် ကျွန်တော်တို့  အင်န်ချွန်းယူနိုက်တက် ဘော်လုံးအသင်းလဲအခက်အခဲအမျိုးမျိုးကြားမှပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထိုသို့ နှစ်စဉ်နှစ်တိုင်းယှဉ်ပြိုင်လာရာမှ အသင်းဧ။်စိတ်ဓါတ်ခိုင်မာမှု၊အင်အားပိုမိုတောင့်တင်းလာမှု၊စည်းလုံးညီညွတ်မှုတို့ ကြောင့် ပြီးခဲ့ သော 2009 ဘော်လုံးရာသီတွင်မြန်မာအသင်းကြီးမှပေးအပ်ချီးမြှင့် သော ဒုတိယ ဒိုင်းဆုကြီးနှင့်အတူ အကောင်းဆုံးဂိုးသမားဆု၊အကောင်းဆုံးနောက်တန်းကစားသမားဆုတို့ အပြင်ဆုငွေများလည်းဆွတ်ခူးရရှိခဲ့ ပါသည်။ အင်န်ချွန်းယူနိုက်တက်အသင်းကြီးတွင်ပါဝင်ကစားခဲ့ ကြသော၊အဘက်ဘက်မှပံ့ပိုးကူညီခဲ့ ကြသောမှော်ဝန်းသားညီအကိုများကိုလေးစားဂုဏ်ယူမိပါကြောင်း......။

0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့