2010. 8. 26.

Lazy Club in KOREA

ချူးဆောက်ပိတ်ရက် Lazy Club အထူးဂီတပွဲတော် လက်မှတ်များ စတင်ရောင်းချ ..


လာမည့် ကိုရီးယား ချူးဆောက်ပွဲတော် ပိတ်ရက် ကာလအတွင်း ဘူချောန်မြို့တေ် ပြည့်သူ့ခမ်းမ (Bucheon Citizen Hall) တွင်ကျင်းပမည့် အထူးဂီတပွဲတော်အတွက် ရုံဝင်လက်မှတ်များကို တစ်စောင်လျင် ဝမ် ၅ သောင်းနှုန်းဖြင့် အောက်ပါနေရာများတွင် ကြိုတင် ရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည် -

- မြန်မာသူကြီး (ဘူဖြောင်း) 011-9360-1792

- အမေ့အိမ် (ဘူဖြောင်း) 010-9086-2290

ပွဲတော်လက်မှတ်များကို ဦးရာလူ ကြိုက်ရာရွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း ၊ ဘူချောန်းပြည်သူ့ခမ်းမသည် ၂ ထပ်ရှိပြီး ပရိသတ် စုစုပေါင်း ၁ထောင့် ၂ရာကျော် ဆန့်သည့် ကပွဲရုံဖြစ်ကြောင်း ၊ ထိုင်ခုံနေရာပြဇယားကို (ဤနေရာ) တွင် ကြည့်ရှုပြီး ရွေးချယ်ဝယ်ယူနိုင်ကြောင်း နှင့် စက်တင်္ဘာလ ၁၉ ရက်နေ့မှ ပွဲတော် ကျင်းပချိန်ထိ လက်မှတ်တစ်စောင်လျင် ဝမ် ၆ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ထပ်မံ အတည်ပြုပြောဆိုသည် ။

အဆိုပါ အထူးဂီတပွဲတော်ကို လေဇီးကလာပ်တီးဝိုင်း (Lazy Club Band) နှင့်အတူ
အဆိုတော် ခင်မောင်တိုး ၊ အယ်လ်လွန်းဝါ ၊ ဟဲလေး ၊ ချစ်သူ့ဝေ ၊ သဇင် ၊ ဂျင်နီ နှင့် ဧည့်အဆိုတော် အဖြစ် ချစ်စုဝေ တို့က ပါဝင်သီဆို ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည် ။

ဟန်းဂုရွာမှကူးယူတင်ပြပါသည်.။

0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့